Friday, September 21, 2007

ပုံရိပ် ၂

ငါ့ရဲ့ညတွေကို မင်း စိုးမိုးထားလွန်းတယ်
ငါ့ .. အသက်ရှုသံတွေ တိုးတိတ်,
မင်းရဲ့ အရိပ်က ငါ့ တကိုယ်လုံးကို
ဖုံးလွှမ်းထားနိုင်တယ်

နှုတ်ခမ်း၊ မျက်လုံး ဆိုတဲ့ အလွယ်ဆုံး ကြိုးတွေနဲ့
မင်း ... ငါ့ဘ၀ကို အပြီးတိုင်
ချူပ်နှောင်ထားလိုက်တယ်။
အဲဒီအတွက် ငါ ကျေနပ်တယ် ချစ်သူ။
ဟိုးးးး အနာဂတ်ဆိုတဲ့ နေ့တွေအတွက်
ငါ ကြေကွဲရင်း အိပ်ဆေးတွေ သောက်ခဲ့ရပေါင်း
အဲဒီအကြောင်းကို ..
နေမင်းကြီးလည်း သိတယ် ချစ်သူ။
သူကပြောတယ် .. ငါမင်းနဲ့ မတွေ့တဲ့
မနက်ခင်းအပေါင်း သိပ်ကို ကြာညောင်းသွားပြီတဲ့။

လောကမှာ မတည်မြဲတဲ့အရာတွေက များပါတယ် ..
တည်မြဲတဲ့အရာတစ်ခုကို ဆွဲထုတ်ပြပါဆိုရင်
ငါ့မှာ ဖြစ်တည်နေတဲ့
မင်းကို ချစ်တဲ့ `စိတ်´ ကလေးတစ်ခုကိုသာ
ထုတ်ပြခွင့်ရပါလိမ့်မယ် ..
ဘာတွေ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ
အဲဒီ ဖြစ်တည်နေတဲ့ အရာတွေကသာ
မင်းနဲ့အတူ ရှိခဲ့မယ်ဆိုရင်....
မင်းနဲ့ ပတ်သတ်ခဲ့မယ်ဆိုရင် ...
ငါ့ နေပျော်မှုရဲ့ တည်ကိန်းပါ ချစ်သူ..........

အတွေးထဲက ပုံရိပ် ၁

ဟိုး အရင်တုန်းက စိတ်ကူးယဉ်ဆန်ခဲ့ရသမျှ
ဒီဘ၀ ဒီမျှလို့ ငါ့စိတ်ထဲ တွေးထင်ခဲ့တယ် ချစ်သူ ...
ကံကြမ္မာအလှည့်အပြောင်းတစ်ခုက ငါ့ဘ၀ကို
အပြီးတိုင် ရိုက်ချိုးမှာလား ????
ဒါမှ မဟုတ် .......
ငါ့ဘ၀ရဲ့ အနာဂတ်လေလားဆိုတာဟာ
မင်းရဲ့ ခေါင်းငြိမ့်ခေါင်းခါမှုမှာသာ တည်နေတာပါ ။
ငါ့ရဲ့ မျှော်လင့်ခြင်းတွေထဲမှာ
ချစ်ခြင်းရဲ့ ဖော်ကောင်လေးတွေပါတယ် ....
ရှုးသွပ်မှုအပြည့်နဲ့ လှိုက်လှိုက်ခုန်နေတဲ့ နှလုံးသားတစ်စုံလည်းပါတယ် .......
ဝမ်းနည်းမှုတွေကို မျိုချထားတဲ့ ဦးနှောက်တစ်စုံလည်း ပါသေးရဲ့။။
ကုန်ကုန်ပြောမယ် ချစ်သူ ..
ဟောဒီ ငါ့ `ဘ၀´ တစ်ခုလုံး အဲဒီအရာတွေထဲ အပ်နှံထားတယ်..
အဲဒီ မျှော်လင့်ခြင်းတွေက စိတ်ကူးယဉ်မဆန်ဘူးဆိုတာ ,,,,,,,
အိမ်မက်တွေထဲက အိမ်မက်မဟုတ်ခဲ့ဘူးဆိုတာ ,,,,,,,,
ဂရောင်ဂတမ်းနဲ့ရေရွတ်နေတဲ့ ကဗျာတစ်ပုဒ် မဟုတ်ဘူးဆိုတာ
မင်းနဲ့တွေ့တိုင်း ငါ့ကိုငါ လက်ထိပ်ဆိတ်ပြီး ဆန်းကြည့်ခဲ့ဖူးပေါင်း
မနည်းတော့ပါဘူးးးး ။
သေချာပါတယ် ချစ်သူ ..
ဒါဟာ ငါ့စိတ်ကူးယဉ်ဆန်တဲ့ဘ၀ထဲက ထွက်ပေါက်တစ်ခုဆိုတာ ။။။။။

Saturday, September 8, 2007

အိမ်မက်

အဲဒီနေ့က အိမ်မက်မက်တယ် ...
အိမ်မက်ထဲမှာ နင်ရယ် ငါရယ် မျက်ဝန်းတစ်စုံရယ် ...
ပြီးတော့ လေပြည်ညင်းလည်းပါတယ် ....

စိတ်ကူးထဲက ချစ်သူ့ပုံရိပ်ဟာ အိမ်မက်ထဲမှာ ပိုလှနေပါလား ...
ငါဟာ ငါ့ရဲ့ အိမ်မက်ထဲမှာ အရမ်းကို ပျော်မွေ့နေခဲ့မိပေါ့ ............
ကမ္ဘာကြီးလည်း သာယာတယ် .. မိုးတွေလည်းမရွာဘူး ...

ဒါပေမယ့် ချစ်သူရေ ...
အဲဒီ အိမ်မက်အဆုံး ၊ ငါ ... အရမ်းကို တွေဝေခဲ့ရတယ် ..
ငါ့ဘ၀မှာ အိမ်မက်တွေနဲ့ အဆုံးသတ်ပစ်လိုက်ရမှားလားးးးးးးးး
ဒါမှမဟုတ် အိမ်မက်တွေထဲမှာဘဲ ပျော်မွေ့ရမှာလားးးးးးးးး
ငါ့ရဲ့ ရှုးသွပ်မှုတွေကို အိမ်မက်ထဲမှာဘဲ ဖွင့်ချပြရမှာလားးးးး ဆိုတဲ့ လားပေါင်းများစွာနဲ့
ငါ အတွေးတွေ နယ်ချဲ့မိတယ် ...

ဒါပေမယ့် အဲဒီ အိမ်မက်လေးက ငါ့ဘ၀ရဲ့ နေပျော်မှုတည်ကိန်း ဆိုတာ ငါသိလိုက်ရတယ်ချစ်သူ ......
အိမ်မက်လေးတစ်ခု ပြီးဆုံးသွားတဲ့အခါ ငါ ................. တုန်လှုပ်ချောက်ချားစွာ ပြည်လည် နှိုးထခဲ့ရတယ်ကွာ ...
သာယာတဲ့ နေ့တစ်နေ့အတွက် ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နေ့တစ်နေ့ပေါ့ကွာ ..

Tuesday, May 15, 2007

ညဉ်းခြင်း

ဘာလိုလိုနဲ့ စာမေးပွဲက ( ဆရာပြောသလိုဆိုရင် ဟိုနားဘဲ ကပ်နေပြီ )
ငါ .. ဘာမှ အဆင်သင့် မဖြစ်သေးပါလား..
ဟူးးးးးးးးးးးးးးးးးးးးး ........ ဟူးးးးးးးးးးးးးးးးးးး ဆိုတဲ့ သက်ပြင်းတွေကို အကြိမ်ကြိမ်
ရွတ်နေရတယ် .... ဖြစ်နိုင်ရင် ရက်စွဲတွေကို ဟိုး အဝေးကြီးအထိ တွန်းပို့
ထားလိုက်ချင်တယ်ကွာ ........ အင်း ... .ဒီလိုဘဲ ညဉ်းနေလို့လဲ မဖြစ်သေး
ပါဘူးလေ.... စာကျက်လိုက်ဦးမှ ..........

Friday, May 4, 2007

မြတ်ဇော်လင်း ဧ။် အကျင့်များ

အင်း ....
မကောင်းတဲ့ အကျင့်လေးတွေကို ပြောရမှာ ဆိုတော့လည်း နည်းနည်းတော့ ရှက်သား .. ဟီး .....
ကဲ ကဲ .........

၁။ အိပ်ယာစောစောထရမှာကို ပျင်းပြီး .... ... သွားမတိုက်ဘဲ၊ မျက်နှာမသစ်ဘဲ တစ်ခုခု စားရတာကို
အရမ်း
ကြိုက်တာ ။
၂။ ဆေးလိပ်ကို အသေကြိုက် ခြင်း။
၃။ အစအနောက် သန်ခြင်း၊
၎။ အချိန်ကို တန်ဖိုးရှိစွာ ဖြုန်းခြင်း ( ဟီး ဟီး)
၅။ အ၀တ်အစားကို ဖြစ်သလို ၀တ်တတ်ခြင်း။

ဒါက ကောင်းတယ်လို့ ထင်တဲ့ အချက်တွေ ။။။

၁။ ရုပ်ချောပြီး သဘောကောင်းတာ ( ဟီး ..))))
၂။ အရမ်းချစ်တတ်တဲ့ အသည်းနှလုံးရှိတာ .. ( မယုံရင် စမ်းသပ်လို့ရတယ်နော် )
၃။ တကိုယ်ကောင်းဆန်တဲ့ စိတ် မရှိတာ ( ပြောကြတယ် .. အဲဒီလို)
၎။ ရိုးသားတဲ့စိတ်ဓါတ်ရှိတာ၊
၅။ ဂျီးမများတတ်တာ ။။။။။။။။။။။

အင်း ...... ရေးတတ်သလို ရေးလိုက်တယ် ......
ဖတ်ရတာ အဆင်မပြေဘူးဆိုရင် ဆောရီးနော်။

Thursday, March 8, 2007

အတိတ်

ဟိုးအရင်တုန်းက ဒီအချိန်တွေဆို လွမ်းခြင်းလေးတွေနဲ့ဘဲ အရင်းနှီးဆုံး ဖြစ်ခဲ့ရတယ် ..
အဲဒီ အချိန်မှာ ငါ ..... မငိုမိအောင် ကြိုးစားခဲ့ရတယ် ချစ်သူလေး ....
ဘာဘဲပြောပြော အခုဆိုရင် အချိန်ကာလ တစ်ခုဆီကိုတောင် ပြန်ရောက်နေပြီလေ။
ချစ်သူလေးးးး ရေ ....
ငါ ဒီတစ်ခါ မင်းနဲ့ အနီးဆုံးရောက်ဖို့ ..... လှမ်းလာပါ့မယ် ......။
မင်းဆီက အပြုံးလေးတွေကို မြတ်နိုးတယ် ။ မင်းရဲ့ နူးညံ့တဲ့ အကြည့်လေးကို ရင်ခုန်စွာ .
ငါ တမ်းတနေမယ်။ ငါ ..... ငါ ... ဘာကို ဘယ်လိုပြောရပါ့မလဲ ... ငါ့ ခံစားချက်တွေကို
စာမျက်နှာပေါ်မှာ မှတ်တမ်းတင်လို့ မရနိုင်ဘူးကွာ ..... သိလား ....... စာမျက်နှာတွေ
အားလုံးပြည့်သွားရင်တောင်မှ ငါ့ ခံစားချက် အစစ်အမှန်ကို တစ်ပိုင်းတစ်စ သာ ..
ဖော်ထုတ်နိုင်ခွင့် ရှိပါလိမ့်မယ်။ ချစ်သူ ။

Tuesday, March 6, 2007

မော်လမြိုင် ခရီးစဉ်မှ

အခု ကြိုက်နေတဲ့သီချင်းလေးပါ

ဘ၀ရဲ့ဆေးမင် ရေးထိုးခဲ့စဉ် ဒို့မသိခဲ့ တကယ်ဆို နက္ခတ်မှားလေခဲ့လား
မင်းလေးစိတ်တွေ မယုံအောင် ပြောင်းလဲ ဒီအချိန်မှာ ငါ့ရင်ကို နာကျင်အောင်
ပျက်ဖြိုကာ နင် ဘယ်ဆီကို ထွက်ပြေးသွား

နေမင်းကြီးရော ဒီမှာ ငါ့အချစ်ရော အိုး .. အားလုံးတစ်ခေါက်ပြန် ဖျောက်ဖျက်ပစ်နိုင်မလား
နှလုံးသားလေးက အရင်လို ပြန်မဖြစ်နိုင် ...
နှလုံးသားလေက အရင်အတိုင်းဟေ့ အကောင်းတိုင်း မဖြစ်နိုင်တော့
ဒီ ငါတို့ရဲ့အတိတ်တွေ တို့ရဲ့ အရိပ်တွေ ဖောက်ထုတ်ပစ်နိုင်မလား
နှလုံးသားလေးက အသစ်လို ပြန်မဖြစ်နိုင် ...

ငါ့အတွက် ဆေးမင် ရေးထိုးခဲ့စဉ် သွေးထွက်ခဲ့ တကယ်ဆို နမိတ်ပြခြင်းလေလား
မင်းနှုတ်ခမ်းများထက် အိပ်ပျော် ငါယုံကြည်စွာ နိုးထ ဒီအချိန်မှာ ငါ့ကမ္ဘာဟာ တုန်ခုန်ကာ
ယိမ်းယိုင်ပြီး ငါနာကျင်စွာ ပြိုကျလဲသွား ....

နှလုံးသားလေးဟာ ဆက်ပြီး အသက်မရှင်နိုင် ....းးးးးးး

Tuesday, February 27, 2007

နေ့စွဲတွေထဲက နေ့စွဲလေး ( မေ့မရနိုင်သော)

မင်း မှတ်မိပါ့မလား ....
ငါ့ ရင်ဘတ်ထဲကို အပြင်းဆုံးအရှိန်နဲ့ မြှားလေးတစ်စင်းဝင်ရောက်ခဲ့တဲ့ နေ့ကိုပေါ့ ........
အဲဒီနေ့က မိုးမရွာဘူး ... မနက်အစောကြီးနိုးနေခဲ့တယ် .... ငါ့စိတ်တွေကလည်း ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို
ခံစား သိရှိနေခဲ့တယ်.. ... ဒီလိုနဲ့ဘဲ ငါ Cung တို့အိမ်ကို သွားခဲ့တယ် .............
မှတ်မိနေပါသေးတယ် .......... မင်းနဲ့ငါနဲ့ စ ပြီး ဆုံစည်းခဲ့တဲ့ တံတားနားလေးကိုပေါ့ ...
တံတားနားကိုရောက်တော့ ငါ့စိတ်တွေက အရမ်းကို တုန်လှုပ်သွားတယ် ...
ငါမြတ်နိုးတဲ့ ၊ ငါ့ ချစ်သူလေးကို တွေ့ခဲ့ပေးတဲ့ တံတားလေးရယ် ... ငါ သိပ်ကိုကျေးဇူးတင်တယ် ..လို့ ငါ့စိတ်ထဲက နေ အကြိမ်ကြိမ် ကျေးဇူးတွေ တင်နေမိတယ် ....
အဲဒီ တံတားနားလေးမှာ အရုပ်လေးတစ်ရုပ်ကို ငါ့မျက်လုံးတွေက တွေ့ရှိခဲ့သလို ... ငါ့နှလုံးသားကလည်း .. ... ...
အသေအချာ တွေ့ရှိခဲ့တယ် ....... အရုပ်လေးရဲ့ မျက်လုံးတွေကိုတော့ ငါ မျက်လုံးတွေက မဖတ်တတ်သေးဘူး ..
အခုထိလည်း အရုပ်လေးရဲ့ မျက်လုံးတွေကို မဖတ်တတ်သေးဘူးးးးးး........
ဒါက အရုပ်လေးကို စတင် တွေ့ရှိခဲ့တဲ့ ..... နေ့ရက်လေးတစ်ရက်ပေါ့ဗျာ........
အရုပ်လေးရေ .......... ငါ မင်းကို အခုထိ ကပိုကရို ချစ်တုန်းဘဲကွာ ......

Monday, February 19, 2007

မင်းတို့သိရင် ပြောပြပါ . . . .

ငါ့ကိုယ်ငါ ဘယ်နှစ်ခါဘဲ ပြန်ကြည့်မိ ကြည့်မိ ၊ ကိုယ့်ကိုကိုယ် အမြဲတမ်း အားငယ်စိတ်တွေကဘဲ နေရာယူ စိုးမိုးထားတတ်တယ်ကွာ ... အဲ လို စိတ် တွေ ရ လာ ဖို့ ငါ ဘာ အ မှား တွေ များ လုပ် ခဲ့ တာ လဲ .. ပြောင်းလဲခြင်းဆိုတာ လူတိုင်းမှာ ရှိတတ်ကြတာပါဘဲ .. ဟိုးအရင်က ကျောက်သားလို မာကျောတဲ့ ငါ့ရဲ့ စိတ်တွေက အခုတော့ ပျော့ပျောင်းသွားလိုက်တာများ ... ငါ.... .. ... ဘယ်လို ဖွင့်ချပြရပါ့မလဲဆိုတာ ငါကိုယ် တိုင်တောင် မသိတော့ပါဘူးးး ...
ငါ့ကို အဲလိုစိတ်တွေ သွင်းပေးခဲ့တဲ့ ငါနဲ့ပတ်သတ်သမျှ အရာတွေကိုလည်း ငါ လုံးဝ အပြစ်မတင်ပါဘူး ... ငါသိနေတယ်လေ... တစ်ခုခုကို လုပ်ရင် တစ်ခုခုကို ပေးဆပ်တတ်ရတဲ့ လူ့ဘ၀ရဲ့ သဘောတရားကို .. ငါ နားလည်စွာ ယုံကြည်ခဲ့ပြီဘဲ ... ...
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲပေါ့ကွာ .....
ဒါပေမယ့် ငါမသိသေးတဲ့ ငါ့ရဲ့ ဟောင်းနွမ်းပုတ်သိုးနေတဲ့ စိတ်တွေကို အစာကျွေးဖို့ မင်းတို့သိသမျှ ငါ့ကို ပြောပြခဲ့ကြပါလား ...... ငါ ... ကျေးဇူးတွေ တလှေကြီးနဲ့ ကြိုနေမှာပါ ... ။ ။ ။ ။ ။ ။ ။

Friday, February 16, 2007

ညတစ်ညရဲ့ သီအိုရီမဲ့ ညဉ်းတမ်း

အားလုံးဟာ အသက်ဝိညာဉ် ကင်းမဲ့နေတဲ့ပုံရိပ်တွေလိုပါဘဲ
ငါ့ကို အမြဲ ခြောက်လှန့်တတ်တဲ့ တစ္ဆေတွေလိုဘဲ ....
ငါ့ကို ၀ါးမျိုဖို့ သူတို့တွေ ကြိုးစားတယ် ..... ( လှောင်ရယ်သံတွေနဲ့ပေါ့ )
ငါ ဟားတိုက်ပစ်လိုက်ချင်တယ် ...
တောင်ရောက်၊ မြောက်ရောက် ငါ့ရဲ့အတွေးတွေကိုလည်း သူတို့က အပြီးတိုင် သိမ်းပိုက်ချင်တယ် ....
ဘာတွေဘယ်လိုဖြစ်နေပါစေ .. .. ... .. တည့်တည့်ကြီးသာ ၀င်တိုးပစ်လိုက်မယ် ...
ကြီးမားတဲ့ ငါ့ရဲ့အားတွေကို ငါ ဘယ်မှာ သွားရှာရမှာလဲ ...
ဟိုတစ်ခါ မင်းငါ့ကို ခလုတ်တိုက်လိုက်တုန်းကတည်းက ငါ့မှာ ...
ဝေဒနာတစ်ခု စွဲကပ်ခဲ့တယ် ...
အဲဒါ .. အဲဒါ .... ငါပြောချင်တဲ့ တစ္ဆေတစ်ကောင်ပေါ့ ...
ဟူးးး ဆိုတဲ့ သက်ပြင်းတွေနဲ့ ငါ ယဉ်ပါးခဲ့ရတာလည်း အဲဒီ တစ္ဆေတစ်ကောင်ကြောင့်ဘဲပေါ့ ...
အနှစ်မရှိတဲ့ ငါ့ဘ၀ထဲကို မင်း ခလုတ်တိုက်လိုက်တဲ့အတွက် ..
ငါ ရရှိလာတဲ့ အသီးအပွင့်တွေကို ငါပြုစုလိုက်ပါ့မယ်.. ( နာကျင်ခြင်းတွေနဲ့ပေါ့ ) ...

Saturday, February 10, 2007

ငါ့ရဲ့နေ့တွေ တောက်ပဖို့

တောက်ပလာမဲ့ နေ့ရက်တွေကို ငါ မျှော်လင့်နေပါ့မယ်.....
ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေကို ငါ ခူးဆွတ်စားသောက်ချင်တယ်
အဲလို စားသောက်နိုင်အောင်လည်း ငါ ဆူးခင်းလမ်းတွေကို ကူးဖြတ်တော့မယ်.......
ငါ့ကို လှောင်ရီမယ့်သူတွေကို ငါ အပြီးတိုင် ချေမှုန်းပစ်မယ်........
ဒါ ငါ့ရဲ့ နေ့ရက်တွေ အတွက် ငါ့ရဲ့ အား ဘဲ

Saturday, January 27, 2007

ပျင်းစရာကောင်းသော နေ့တစ်နေ့ ကို ဖြစ်သန်းခြင်း

သြော်...ဒီနေ့လည်း အရင်နေ့တွေလိုပါဘဲ . . . .
ပျင်း စ ရာ အ လွန် ကောင်း တယ် လို့ ပြော ဖို့ တောင် ငါ တော် တော် လေး ပျင်း တယ် ... ( ဟီး )
တ ကယ် ပြော တာ ... ရန် ကုန် မှာ တော် တော် လေး ကို ပျင်း စ ရာ ကောင်း တယ်..
ည ဆို လည်း အ ရမ်း ချမ်း သ လို ဘဲ...
အ ပြင် ကို ငါ မ ထွက် ဖြစ် ဖူး . . . . .
ဘာ မှ လဲ မ လုပ် ဖြစ် ဖူး ကွာ . . . . . . . .
ဒီ နေ့ ဘော ပွဲ တွေ ရှိ တယ်...
ငါ တို့ ရဲ့ သ နဲ နီ တွေ က ပွန် ပီ တွေ ကို အိမ် ကွင်း မှာ ဧည့် ခံ လိမ့် မယ်. . . .
ငါ တို့ အ တွက် ကောင်း သော ဧည့် သည် တွေ ဘဲ ဖြစ် မှာ ပါ....
ဟေးးးး သ နဲ နီ တွေ ရေ . . . . ငါ တို့ အ တွက် ချို မြိန် တဲ့ ၀ိုင် တစ် ခွက် ကို ဒီ ည အ တူ တ ကွ
သောက် သုံး ကြ ရ အောင် ...
Cheers ! ! ! ! ! ! !
မင်း တို့ လက် တွေ ကို လေ ထဲ မှာ ဆန့် တန်း ထား ဖို့ အ သင့် ဖြစ် နေ မယ် လို့ ငါ ထင် တယ်.....

Tuesday, January 23, 2007

အချိန်ဖြုန်းသော လူတစ်ယောက်အကြောင်း

ဘယ်သူများဖြစ်မယ်လို့ ခင်ဗျားတို့ထင်လဲ...
သိပ်ပြီးရှည်ရှည်ဝေးဝေး မတွေးလိုက်ပါနဲ့...
သူကတော့ တခြားလူ ဟုတ်ရိုးလား ...ဟဲ ဟဲ ..
ကျွန်တော် ဘဲ ပေါ့ ဗျာ....
အင်း ... ဒီလိုဘဲ ... အိမ်မှာ နေရင်း အချိန်တွေကို စားသုံးရတဲ့ အရသာလေးကို
အကြိုက်တွေ့နေမိတယ်ဗျာ . . . . . အချိန်တွေကလည်း အကုန်မြန်လိုက်တာလို့
အဲဒီအချိန်တွေကိုဘဲ အပြစ်တင်နေမိတယ်...(ကိုယ့်ဟာနဲ့ကိုယ်တော့ အပြစ်မတင်တော့ပါဘူး)
လူတစ်ယောက်ဟာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တာ တစ်ခုထဲနဲ့ ...သူ့ကို ဘာတစ်ခုမှ
အလေးအနက်မထားတတ်တဲ့သူလို့ ခင်ဗျားတို့တွေ ထင်နေကြတာလား ဗျာ......
အဲဒီ လူတစ်ယောက်ရဲ့ ရင်ထဲမှာ အလွန် ရိုးရှင်းတဲ့ အရမ်းကိုရှုပ်ထွေးတဲ့ ပြသနာများ ရှိနေတယ် . . .
အဲဒါကလည်း သူရဲ့ ခံစားချက်တွေကြောင့်ဘဲ နေမှာပေါ့ . . . . .
သူ့ဆီမှာ ဘယ်သူမှ မသိတဲ့ ခံစားချက်တွေရှိနေတယ်လေ . . . .. . . .. .
သူဟာ အချိန်ဖြုန်းသူတစ်ယောက်ဆိုရင်တောင် ........... အကြောင်းမဲ့သက်သက်တော့ မဟုတ်လောက်ပါဘူး

Monday, January 22, 2007

ကဗျာများကို ထုဆစ်ခြင်း

“ ဒီလို ဒီလို”

မျက်လုံးတွေ နဲ့ ကြည့်
နားတွေနဲ့ ကြား
နှလုံးသားနဲ့ ချစ်

သူငယ်ချင်းများစွာ

ဝက်ကြီး ၊
သူက စင်္ကာပူမြေကိုရောက်ပြီး သိပ်မကြာပါဘူး အားလုံးကို မေ့တော့တာပါဘဲ..
အစကတော့ လေဆိပ်ရောက်ရင်ဘဲ ဖုန်းဆက်မလိုလို ဘာလိုလိုနဲ့...
ဝက်ကြီး တစ်ယောက် ၀က်မ လေးတွေနဲ့ဘဲ ပျော်နေတယ်ထင်တယ်....
ဟေးးးး ၀က်ရေ ... ငါ့ တို့ ကို သ တိ တ ရ မ ရှိ တဲ့ အ တွက်
ဝက် ကို ကျေး ဇူး တင် နေ ပါ တယ် . .. .

ရင်ခုန်တာ အချစ်လားကွာ

ရင်ခုန်ရင်ချစ်တယ်လို့ ပြောလို့ရလား ...
ငါတော့ သိချင်တယ်..........
မင်းတို့ သိမယ်ဆိုရင်တော့ ငါ့ကို ပြောပြခဲ့ကြပါ....
ငါ့မှာတော့ ဒီလိုမျိုး ဖြစ်နေတယ်....
အရှုး ကံကြမ္မာရယ် မီးများဝိုင်းလို့ အရှုး
သောကများနဲ့ လျှောက်ခဲ့ အရှုး ....
အရှုးတစ်ယောက်လိုပါဘဲ