Showing posts with label ချစ်သူလေး။ နေ့စွဲ။. Show all posts
Showing posts with label ချစ်သူလေး။ နေ့စွဲ။. Show all posts

Tuesday, February 27, 2007

နေ့စွဲတွေထဲက နေ့စွဲလေး ( မေ့မရနိုင်သော)

မင်း မှတ်မိပါ့မလား ....
ငါ့ ရင်ဘတ်ထဲကို အပြင်းဆုံးအရှိန်နဲ့ မြှားလေးတစ်စင်းဝင်ရောက်ခဲ့တဲ့ နေ့ကိုပေါ့ ........
အဲဒီနေ့က မိုးမရွာဘူး ... မနက်အစောကြီးနိုးနေခဲ့တယ် .... ငါ့စိတ်တွေကလည်း ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို
ခံစား သိရှိနေခဲ့တယ်.. ... ဒီလိုနဲ့ဘဲ ငါ Cung တို့အိမ်ကို သွားခဲ့တယ် .............
မှတ်မိနေပါသေးတယ် .......... မင်းနဲ့ငါနဲ့ စ ပြီး ဆုံစည်းခဲ့တဲ့ တံတားနားလေးကိုပေါ့ ...
တံတားနားကိုရောက်တော့ ငါ့စိတ်တွေက အရမ်းကို တုန်လှုပ်သွားတယ် ...
ငါမြတ်နိုးတဲ့ ၊ ငါ့ ချစ်သူလေးကို တွေ့ခဲ့ပေးတဲ့ တံတားလေးရယ် ... ငါ သိပ်ကိုကျေးဇူးတင်တယ် ..လို့ ငါ့စိတ်ထဲက နေ အကြိမ်ကြိမ် ကျေးဇူးတွေ တင်နေမိတယ် ....
အဲဒီ တံတားနားလေးမှာ အရုပ်လေးတစ်ရုပ်ကို ငါ့မျက်လုံးတွေက တွေ့ရှိခဲ့သလို ... ငါ့နှလုံးသားကလည်း .. ... ...
အသေအချာ တွေ့ရှိခဲ့တယ် ....... အရုပ်လေးရဲ့ မျက်လုံးတွေကိုတော့ ငါ မျက်လုံးတွေက မဖတ်တတ်သေးဘူး ..
အခုထိလည်း အရုပ်လေးရဲ့ မျက်လုံးတွေကို မဖတ်တတ်သေးဘူးးးးးး........
ဒါက အရုပ်လေးကို စတင် တွေ့ရှိခဲ့တဲ့ ..... နေ့ရက်လေးတစ်ရက်ပေါ့ဗျာ........
အရုပ်လေးရေ .......... ငါ မင်းကို အခုထိ ကပိုကရို ချစ်တုန်းဘဲကွာ ......