Showing posts with label ည. Show all posts
Showing posts with label ည. Show all posts

Friday, February 16, 2007

ညတစ်ညရဲ့ သီအိုရီမဲ့ ညဉ်းတမ်း

အားလုံးဟာ အသက်ဝိညာဉ် ကင်းမဲ့နေတဲ့ပုံရိပ်တွေလိုပါဘဲ
ငါ့ကို အမြဲ ခြောက်လှန့်တတ်တဲ့ တစ္ဆေတွေလိုဘဲ ....
ငါ့ကို ၀ါးမျိုဖို့ သူတို့တွေ ကြိုးစားတယ် ..... ( လှောင်ရယ်သံတွေနဲ့ပေါ့ )
ငါ ဟားတိုက်ပစ်လိုက်ချင်တယ် ...
တောင်ရောက်၊ မြောက်ရောက် ငါ့ရဲ့အတွေးတွေကိုလည်း သူတို့က အပြီးတိုင် သိမ်းပိုက်ချင်တယ် ....
ဘာတွေဘယ်လိုဖြစ်နေပါစေ .. .. ... .. တည့်တည့်ကြီးသာ ၀င်တိုးပစ်လိုက်မယ် ...
ကြီးမားတဲ့ ငါ့ရဲ့အားတွေကို ငါ ဘယ်မှာ သွားရှာရမှာလဲ ...
ဟိုတစ်ခါ မင်းငါ့ကို ခလုတ်တိုက်လိုက်တုန်းကတည်းက ငါ့မှာ ...
ဝေဒနာတစ်ခု စွဲကပ်ခဲ့တယ် ...
အဲဒါ .. အဲဒါ .... ငါပြောချင်တဲ့ တစ္ဆေတစ်ကောင်ပေါ့ ...
ဟူးးး ဆိုတဲ့ သက်ပြင်းတွေနဲ့ ငါ ယဉ်ပါးခဲ့ရတာလည်း အဲဒီ တစ္ဆေတစ်ကောင်ကြောင့်ဘဲပေါ့ ...
အနှစ်မရှိတဲ့ ငါ့ဘ၀ထဲကို မင်း ခလုတ်တိုက်လိုက်တဲ့အတွက် ..
ငါ ရရှိလာတဲ့ အသီးအပွင့်တွေကို ငါပြုစုလိုက်ပါ့မယ်.. ( နာကျင်ခြင်းတွေနဲ့ပေါ့ ) ...