Friday, September 21, 2007

အတွေးထဲက ပုံရိပ် ၁

ဟိုး အရင်တုန်းက စိတ်ကူးယဉ်ဆန်ခဲ့ရသမျှ
ဒီဘ၀ ဒီမျှလို့ ငါ့စိတ်ထဲ တွေးထင်ခဲ့တယ် ချစ်သူ ...
ကံကြမ္မာအလှည့်အပြောင်းတစ်ခုက ငါ့ဘ၀ကို
အပြီးတိုင် ရိုက်ချိုးမှာလား ????
ဒါမှ မဟုတ် .......
ငါ့ဘ၀ရဲ့ အနာဂတ်လေလားဆိုတာဟာ
မင်းရဲ့ ခေါင်းငြိမ့်ခေါင်းခါမှုမှာသာ တည်နေတာပါ ။
ငါ့ရဲ့ မျှော်လင့်ခြင်းတွေထဲမှာ
ချစ်ခြင်းရဲ့ ဖော်ကောင်လေးတွေပါတယ် ....
ရှုးသွပ်မှုအပြည့်နဲ့ လှိုက်လှိုက်ခုန်နေတဲ့ နှလုံးသားတစ်စုံလည်းပါတယ် .......
ဝမ်းနည်းမှုတွေကို မျိုချထားတဲ့ ဦးနှောက်တစ်စုံလည်း ပါသေးရဲ့။။
ကုန်ကုန်ပြောမယ် ချစ်သူ ..
ဟောဒီ ငါ့ `ဘ၀´ တစ်ခုလုံး အဲဒီအရာတွေထဲ အပ်နှံထားတယ်..
အဲဒီ မျှော်လင့်ခြင်းတွေက စိတ်ကူးယဉ်မဆန်ဘူးဆိုတာ ,,,,,,,
အိမ်မက်တွေထဲက အိမ်မက်မဟုတ်ခဲ့ဘူးဆိုတာ ,,,,,,,,
ဂရောင်ဂတမ်းနဲ့ရေရွတ်နေတဲ့ ကဗျာတစ်ပုဒ် မဟုတ်ဘူးဆိုတာ
မင်းနဲ့တွေ့တိုင်း ငါ့ကိုငါ လက်ထိပ်ဆိတ်ပြီး ဆန်းကြည့်ခဲ့ဖူးပေါင်း
မနည်းတော့ပါဘူးးးး ။
သေချာပါတယ် ချစ်သူ ..
ဒါဟာ ငါ့စိတ်ကူးယဉ်ဆန်တဲ့ဘ၀ထဲက ထွက်ပေါက်တစ်ခုဆိုတာ ။။။။။

No comments: