Friday, September 21, 2007

ပုံရိပ် ၂

ငါ့ရဲ့ညတွေကို မင်း စိုးမိုးထားလွန်းတယ်
ငါ့ .. အသက်ရှုသံတွေ တိုးတိတ်,
မင်းရဲ့ အရိပ်က ငါ့ တကိုယ်လုံးကို
ဖုံးလွှမ်းထားနိုင်တယ်

နှုတ်ခမ်း၊ မျက်လုံး ဆိုတဲ့ အလွယ်ဆုံး ကြိုးတွေနဲ့
မင်း ... ငါ့ဘ၀ကို အပြီးတိုင်
ချူပ်နှောင်ထားလိုက်တယ်။
အဲဒီအတွက် ငါ ကျေနပ်တယ် ချစ်သူ။
ဟိုးးးး အနာဂတ်ဆိုတဲ့ နေ့တွေအတွက်
ငါ ကြေကွဲရင်း အိပ်ဆေးတွေ သောက်ခဲ့ရပေါင်း
အဲဒီအကြောင်းကို ..
နေမင်းကြီးလည်း သိတယ် ချစ်သူ။
သူကပြောတယ် .. ငါမင်းနဲ့ မတွေ့တဲ့
မနက်ခင်းအပေါင်း သိပ်ကို ကြာညောင်းသွားပြီတဲ့။

လောကမှာ မတည်မြဲတဲ့အရာတွေက များပါတယ် ..
တည်မြဲတဲ့အရာတစ်ခုကို ဆွဲထုတ်ပြပါဆိုရင်
ငါ့မှာ ဖြစ်တည်နေတဲ့
မင်းကို ချစ်တဲ့ `စိတ်´ ကလေးတစ်ခုကိုသာ
ထုတ်ပြခွင့်ရပါလိမ့်မယ် ..
ဘာတွေ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ
အဲဒီ ဖြစ်တည်နေတဲ့ အရာတွေကသာ
မင်းနဲ့အတူ ရှိခဲ့မယ်ဆိုရင်....
မင်းနဲ့ ပတ်သတ်ခဲ့မယ်ဆိုရင် ...
ငါ့ နေပျော်မှုရဲ့ တည်ကိန်းပါ ချစ်သူ..........

No comments: