Saturday, September 8, 2007

အိမ်မက်

အဲဒီနေ့က အိမ်မက်မက်တယ် ...
အိမ်မက်ထဲမှာ နင်ရယ် ငါရယ် မျက်ဝန်းတစ်စုံရယ် ...
ပြီးတော့ လေပြည်ညင်းလည်းပါတယ် ....

စိတ်ကူးထဲက ချစ်သူ့ပုံရိပ်ဟာ အိမ်မက်ထဲမှာ ပိုလှနေပါလား ...
ငါဟာ ငါ့ရဲ့ အိမ်မက်ထဲမှာ အရမ်းကို ပျော်မွေ့နေခဲ့မိပေါ့ ............
ကမ္ဘာကြီးလည်း သာယာတယ် .. မိုးတွေလည်းမရွာဘူး ...

ဒါပေမယ့် ချစ်သူရေ ...
အဲဒီ အိမ်မက်အဆုံး ၊ ငါ ... အရမ်းကို တွေဝေခဲ့ရတယ် ..
ငါ့ဘ၀မှာ အိမ်မက်တွေနဲ့ အဆုံးသတ်ပစ်လိုက်ရမှားလားးးးးးးးး
ဒါမှမဟုတ် အိမ်မက်တွေထဲမှာဘဲ ပျော်မွေ့ရမှာလားးးးးးးးး
ငါ့ရဲ့ ရှုးသွပ်မှုတွေကို အိမ်မက်ထဲမှာဘဲ ဖွင့်ချပြရမှာလားးးးး ဆိုတဲ့ လားပေါင်းများစွာနဲ့
ငါ အတွေးတွေ နယ်ချဲ့မိတယ် ...

ဒါပေမယ့် အဲဒီ အိမ်မက်လေးက ငါ့ဘ၀ရဲ့ နေပျော်မှုတည်ကိန်း ဆိုတာ ငါသိလိုက်ရတယ်ချစ်သူ ......
အိမ်မက်လေးတစ်ခု ပြီးဆုံးသွားတဲ့အခါ ငါ ................. တုန်လှုပ်ချောက်ချားစွာ ပြည်လည် နှိုးထခဲ့ရတယ်ကွာ ...
သာယာတဲ့ နေ့တစ်နေ့အတွက် ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နေ့တစ်နေ့ပေါ့ကွာ ..

No comments: