ငါ့ကိုယ်ငါ ဘယ်နှစ်ခါဘဲ ပြန်ကြည့်မိ ကြည့်မိ ၊ ကိုယ့်ကိုကိုယ် အမြဲတမ်း အားငယ်စိတ်တွေကဘဲ နေရာယူ စိုးမိုးထားတတ်တယ်ကွာ ... အဲ လို စိတ် တွေ ရ လာ ဖို့ ငါ ဘာ အ မှား တွေ များ လုပ် ခဲ့ တာ လဲ .. ပြောင်းလဲခြင်းဆိုတာ လူတိုင်းမှာ ရှိတတ်ကြတာပါဘဲ .. ဟိုးအရင်က ကျောက်သားလို မာကျောတဲ့ ငါ့ရဲ့ စိတ်တွေက အခုတော့ ပျော့ပျောင်းသွားလိုက်တာများ ... ငါ.... .. ... ဘယ်လို ဖွင့်ချပြရပါ့မလဲဆိုတာ ငါကိုယ် တိုင်တောင် မသိတော့ပါဘူးးး ...
ငါ့ကို အဲလိုစိတ်တွေ သွင်းပေးခဲ့တဲ့ ငါနဲ့ပတ်သတ်သမျှ အရာတွေကိုလည်း ငါ လုံးဝ အပြစ်မတင်ပါဘူး ... ငါသိနေတယ်လေ... တစ်ခုခုကို လုပ်ရင် တစ်ခုခုကို ပေးဆပ်တတ်ရတဲ့ လူ့ဘ၀ရဲ့ သဘောတရားကို .. ငါ နားလည်စွာ ယုံကြည်ခဲ့ပြီဘဲ ... ...
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲပေါ့ကွာ .....
ဒါပေမယ့် ငါမသိသေးတဲ့ ငါ့ရဲ့ ဟောင်းနွမ်းပုတ်သိုးနေတဲ့ စိတ်တွေကို အစာကျွေးဖို့ မင်းတို့သိသမျှ ငါ့ကို ပြောပြခဲ့ကြပါလား ...... ငါ ... ကျေးဇူးတွေ တလှေကြီးနဲ့ ကြိုနေမှာပါ ... ။ ။ ။ ။ ။ ။ ။
No comments:
Post a Comment