မင်း မှတ်မိပါ့မလား ....
ငါ့ ရင်ဘတ်ထဲကို အပြင်းဆုံးအရှိန်နဲ့ မြှားလေးတစ်စင်းဝင်ရောက်ခဲ့တဲ့ နေ့ကိုပေါ့ ........
အဲဒီနေ့က မိုးမရွာဘူး ... မနက်အစောကြီးနိုးနေခဲ့တယ် .... ငါ့စိတ်တွေကလည်း ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို
ခံစား သိရှိနေခဲ့တယ်.. ... ဒီလိုနဲ့ဘဲ ငါ Cung တို့အိမ်ကို သွားခဲ့တယ် .............
မှတ်မိနေပါသေးတယ် .......... မင်းနဲ့ငါနဲ့ စ ပြီး ဆုံစည်းခဲ့တဲ့ တံတားနားလေးကိုပေါ့ ...
တံတားနားကိုရောက်တော့ ငါ့စိတ်တွေက အရမ်းကို တုန်လှုပ်သွားတယ် ...
ငါမြတ်နိုးတဲ့ ၊ ငါ့ ချစ်သူလေးကို တွေ့ခဲ့ပေးတဲ့ တံတားလေးရယ် ... ငါ သိပ်ကိုကျေးဇူးတင်တယ် ..လို့ ငါ့စိတ်ထဲက နေ အကြိမ်ကြိမ် ကျေးဇူးတွေ တင်နေမိတယ် ....
အဲဒီ တံတားနားလေးမှာ အရုပ်လေးတစ်ရုပ်ကို ငါ့မျက်လုံးတွေက တွေ့ရှိခဲ့သလို ... ငါ့နှလုံးသားကလည်း .. ... ...
အသေအချာ တွေ့ရှိခဲ့တယ် ....... အရုပ်လေးရဲ့ မျက်လုံးတွေကိုတော့ ငါ မျက်လုံးတွေက မဖတ်တတ်သေးဘူး ..
အခုထိလည်း အရုပ်လေးရဲ့ မျက်လုံးတွေကို မဖတ်တတ်သေးဘူးးးးးး........
ဒါက အရုပ်လေးကို စတင် တွေ့ရှိခဲ့တဲ့ ..... နေ့ရက်လေးတစ်ရက်ပေါ့ဗျာ........
အရုပ်လေးရေ .......... ငါ မင်းကို အခုထိ ကပိုကရို ချစ်တုန်းဘဲကွာ ......
Tuesday, February 27, 2007
Monday, February 19, 2007
မင်းတို့သိရင် ပြောပြပါ . . . .
ငါ့ကိုယ်ငါ ဘယ်နှစ်ခါဘဲ ပြန်ကြည့်မိ ကြည့်မိ ၊ ကိုယ့်ကိုကိုယ် အမြဲတမ်း အားငယ်စိတ်တွေကဘဲ နေရာယူ စိုးမိုးထားတတ်တယ်ကွာ ... အဲ လို စိတ် တွေ ရ လာ ဖို့ ငါ ဘာ အ မှား တွေ များ လုပ် ခဲ့ တာ လဲ .. ပြောင်းလဲခြင်းဆိုတာ လူတိုင်းမှာ ရှိတတ်ကြတာပါဘဲ .. ဟိုးအရင်က ကျောက်သားလို မာကျောတဲ့ ငါ့ရဲ့ စိတ်တွေက အခုတော့ ပျော့ပျောင်းသွားလိုက်တာများ ... ငါ.... .. ... ဘယ်လို ဖွင့်ချပြရပါ့မလဲဆိုတာ ငါကိုယ် တိုင်တောင် မသိတော့ပါဘူးးး ...
ငါ့ကို အဲလိုစိတ်တွေ သွင်းပေးခဲ့တဲ့ ငါနဲ့ပတ်သတ်သမျှ အရာတွေကိုလည်း ငါ လုံးဝ အပြစ်မတင်ပါဘူး ... ငါသိနေတယ်လေ... တစ်ခုခုကို လုပ်ရင် တစ်ခုခုကို ပေးဆပ်တတ်ရတဲ့ လူ့ဘ၀ရဲ့ သဘောတရားကို .. ငါ နားလည်စွာ ယုံကြည်ခဲ့ပြီဘဲ ... ...
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲပေါ့ကွာ .....
ဒါပေမယ့် ငါမသိသေးတဲ့ ငါ့ရဲ့ ဟောင်းနွမ်းပုတ်သိုးနေတဲ့ စိတ်တွေကို အစာကျွေးဖို့ မင်းတို့သိသမျှ ငါ့ကို ပြောပြခဲ့ကြပါလား ...... ငါ ... ကျေးဇူးတွေ တလှေကြီးနဲ့ ကြိုနေမှာပါ ... ။ ။ ။ ။ ။ ။ ။

Friday, February 16, 2007
ညတစ်ညရဲ့ သီအိုရီမဲ့ ညဉ်းတမ်း
အားလုံးဟာ အသက်ဝိညာဉ် ကင်းမဲ့နေတဲ့ပုံရိပ်တွေလိုပါဘဲ
ငါ့ကို အမြဲ ခြောက်လှန့်တတ်တဲ့ တစ္ဆေတွေလိုဘဲ ....
ငါ့ကို ၀ါးမျိုဖို့ သူတို့တွေ ကြိုးစားတယ် ..... ( လှောင်ရယ်သံတွေနဲ့ပေါ့ )
ငါ ဟားတိုက်ပစ်လိုက်ချင်တယ် ...
တောင်ရောက်၊ မြောက်ရောက် ငါ့ရဲ့အတွေးတွေကိုလည်း သူတို့က အပြီးတိုင် သိမ်းပိုက်ချင်တယ် ....
ဘာတွေဘယ်လိုဖြစ်နေပါစေ .. .. ... .. တည့်တည့်ကြီးသာ ၀င်တိုးပစ်လိုက်မယ် ...
ကြီးမားတဲ့ ငါ့ရဲ့အားတွေကို ငါ ဘယ်မှာ သွားရှာရမှာလဲ ...
ဟိုတစ်ခါ မင်းငါ့ကို ခလုတ်တိုက်လိုက်တုန်းကတည်းက ငါ့မှာ ...
ဝေဒနာတစ်ခု စွဲကပ်ခဲ့တယ် ...
အဲဒါ .. အဲဒါ .... ငါပြောချင်တဲ့ တစ္ဆေတစ်ကောင်ပေါ့ ...
ဟူးးး ဆိုတဲ့ သက်ပြင်းတွေနဲ့ ငါ ယဉ်ပါးခဲ့ရတာလည်း အဲဒီ တစ္ဆေတစ်ကောင်ကြောင့်ဘဲပေါ့ ...
အနှစ်မရှိတဲ့ ငါ့ဘ၀ထဲကို မင်း ခလုတ်တိုက်လိုက်တဲ့အတွက် ..
ငါ ရရှိလာတဲ့ အသီးအပွင့်တွေကို ငါပြုစုလိုက်ပါ့မယ်.. ( နာကျင်ခြင်းတွေနဲ့ပေါ့ ) ...

Saturday, February 10, 2007
ငါ့ရဲ့နေ့တွေ တောက်ပဖို့
တောက်ပလာမဲ့ နေ့ရက်တွေကို ငါ မျှော်လင့်နေပါ့မယ်.....
ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေကို ငါ ခူးဆွတ်စားသောက်ချင်တယ်
အဲလို စားသောက်နိုင်အောင်လည်း ငါ ဆူးခင်းလမ်းတွေကို ကူးဖြတ်တော့မယ်.......
ငါ့ကို လှောင်ရီမယ့်သူတွေကို ငါ အပြီးတိုင် ချေမှုန်းပစ်မယ်........
ဒါ ငါ့ရဲ့ နေ့ရက်တွေ အတွက် ငါ့ရဲ့ အား ဘဲ

Saturday, January 27, 2007
ပျင်းစရာကောင်းသော နေ့တစ်နေ့ ကို ဖြစ်သန်းခြင်း
သြော်...ဒီနေ့လည်း အရင်နေ့တွေလိုပါဘဲ . . . .
ပျင်း စ ရာ အ လွန် ကောင်း တယ် လို့ ပြော ဖို့ တောင် ငါ တော် တော် လေး ပျင်း တယ် ... ( ဟီး )
တ ကယ် ပြော တာ ... ရန် ကုန် မှာ တော် တော် လေး ကို ပျင်း စ ရာ ကောင်း တယ်..
ည ဆို လည်း အ ရမ်း ချမ်း သ လို ဘဲ...
အ ပြင် ကို ငါ မ ထွက် ဖြစ် ဖူး . . . . .
ဘာ မှ လဲ မ လုပ် ဖြစ် ဖူး ကွာ . . . . . . . .
ဒီ နေ့ ဘော ပွဲ တွေ ရှိ တယ်...
ငါ တို့ ရဲ့ သ နဲ နီ တွေ က ပွန် ပီ တွေ ကို အိမ် ကွင်း မှာ ဧည့် ခံ လိမ့် မယ်. . . .
ငါ တို့ အ တွက် ကောင်း သော ဧည့် သည် တွေ ဘဲ ဖြစ် မှာ ပါ....
ဟေးးးး သ နဲ နီ တွေ ရေ . . . . ငါ တို့ အ တွက် ချို မြိန် တဲ့ ၀ိုင် တစ် ခွက် ကို ဒီ ည အ တူ တ ကွ
သောက် သုံး ကြ ရ အောင် ...
Cheers ! ! ! ! ! ! !
မင်း တို့ လက် တွေ ကို လေ ထဲ မှာ ဆန့် တန်း ထား ဖို့ အ သင့် ဖြစ် နေ မယ် လို့ ငါ ထင် တယ်.....

Tuesday, January 23, 2007
အချိန်ဖြုန်းသော လူတစ်ယောက်အကြောင်း
ဘယ်သူများဖြစ်မယ်လို့ ခင်ဗျားတို့ထင်လဲ...
သိပ်ပြီးရှည်ရှည်ဝေးဝေး မတွေးလိုက်ပါနဲ့...
သူကတော့ တခြားလူ ဟုတ်ရိုးလား ...ဟဲ ဟဲ ..
ကျွန်တော် ဘဲ ပေါ့ ဗျာ....
အင်း ... ဒီလိုဘဲ ... အိမ်မှာ နေရင်း အချိန်တွေကို စားသုံးရတဲ့ အရသာလေးကို
အကြိုက်တွေ့နေမိတယ်ဗျာ . . . . . အချိန်တွေကလည်း အကုန်မြန်လိုက်တာလို့
အဲဒီအချိန်တွေကိုဘဲ အပြစ်တင်နေမိတယ်...(ကိုယ့်ဟာနဲ့ကိုယ်တော့ အပြစ်မတင်တော့ပါဘူး)
လူတစ်ယောက်ဟာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တာ တစ်ခုထဲနဲ့ ...သူ့ကို ဘာတစ်ခုမှ
အလေးအနက်မထားတတ်တဲ့သူလို့ ခင်ဗျားတို့တွေ ထင်နေကြတာလား ဗျာ......
အဲဒီ လူတစ်ယောက်ရဲ့ ရင်ထဲမှာ အလွန် ရိုးရှင်းတဲ့ အရမ်းကိုရှုပ်ထွေးတဲ့ ပြသနာများ ရှိနေတယ် . . .
အဲဒါကလည်း သူရဲ့ ခံစားချက်တွေကြောင့်ဘဲ နေမှာပေါ့ . . . . .
သူ့ဆီမှာ ဘယ်သူမှ မသိတဲ့ ခံစားချက်တွေရှိနေတယ်လေ . . . .. . . .. .
သူဟာ အချိန်ဖြုန်းသူတစ်ယောက်ဆိုရင်တောင် ........... အကြောင်းမဲ့သက်သက်တော့ မဟုတ်လောက်ပါဘူး

Monday, January 22, 2007
သူငယ်ချင်းများစွာ
ဝက်ကြီး ၊
သူက စင်္ကာပူမြေကိုရောက်ပြီး သိပ်မကြာပါဘူး အားလုံးကို မေ့တော့တာပါဘဲ..
အစကတော့ လေဆိပ်ရောက်ရင်ဘဲ ဖုန်းဆက်မလိုလို ဘာလိုလိုနဲ့...
ဝက်ကြီး တစ်ယောက် ၀က်မ လေးတွေနဲ့ဘဲ ပျော်နေတယ်ထင်တယ်....
ဟေးးးး ၀က်ရေ ... ငါ့ တို့ ကို သ တိ တ ရ မ ရှိ တဲ့ အ တွက်
ဝက် ကို ကျေး ဇူး တင် နေ ပါ တယ် . .. .

ရင်ခုန်တာ အချစ်လားကွာ
ရင်ခုန်ရင်ချစ်တယ်လို့ ပြောလို့ရလား ...
ငါတော့ သိချင်တယ်..........
မင်းတို့ သိမယ်ဆိုရင်တော့ ငါ့ကို ပြောပြခဲ့ကြပါ....
ငါ့မှာတော့ ဒီလိုမျိုး ဖြစ်နေတယ်....
အရှုး ကံကြမ္မာရယ် မီးများဝိုင်းလို့ အရှုး
သောကများနဲ့ လျှောက်ခဲ့ အရှုး ....
အရှုးတစ်ယောက်လိုပါဘဲ

Subscribe to:
Posts (Atom)