Friday, September 21, 2007

ပုံရိပ် ၂

ငါ့ရဲ့ညတွေကို မင်း စိုးမိုးထားလွန်းတယ်
ငါ့ .. အသက်ရှုသံတွေ တိုးတိတ်,
မင်းရဲ့ အရိပ်က ငါ့ တကိုယ်လုံးကို
ဖုံးလွှမ်းထားနိုင်တယ်

နှုတ်ခမ်း၊ မျက်လုံး ဆိုတဲ့ အလွယ်ဆုံး ကြိုးတွေနဲ့
မင်း ... ငါ့ဘ၀ကို အပြီးတိုင်
ချူပ်နှောင်ထားလိုက်တယ်။
အဲဒီအတွက် ငါ ကျေနပ်တယ် ချစ်သူ။
ဟိုးးးး အနာဂတ်ဆိုတဲ့ နေ့တွေအတွက်
ငါ ကြေကွဲရင်း အိပ်ဆေးတွေ သောက်ခဲ့ရပေါင်း
အဲဒီအကြောင်းကို ..
နေမင်းကြီးလည်း သိတယ် ချစ်သူ။
သူကပြောတယ် .. ငါမင်းနဲ့ မတွေ့တဲ့
မနက်ခင်းအပေါင်း သိပ်ကို ကြာညောင်းသွားပြီတဲ့။

လောကမှာ မတည်မြဲတဲ့အရာတွေက များပါတယ် ..
တည်မြဲတဲ့အရာတစ်ခုကို ဆွဲထုတ်ပြပါဆိုရင်
ငါ့မှာ ဖြစ်တည်နေတဲ့
မင်းကို ချစ်တဲ့ `စိတ်´ ကလေးတစ်ခုကိုသာ
ထုတ်ပြခွင့်ရပါလိမ့်မယ် ..
ဘာတွေ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ
အဲဒီ ဖြစ်တည်နေတဲ့ အရာတွေကသာ
မင်းနဲ့အတူ ရှိခဲ့မယ်ဆိုရင်....
မင်းနဲ့ ပတ်သတ်ခဲ့မယ်ဆိုရင် ...
ငါ့ နေပျော်မှုရဲ့ တည်ကိန်းပါ ချစ်သူ..........

အတွေးထဲက ပုံရိပ် ၁

ဟိုး အရင်တုန်းက စိတ်ကူးယဉ်ဆန်ခဲ့ရသမျှ
ဒီဘ၀ ဒီမျှလို့ ငါ့စိတ်ထဲ တွေးထင်ခဲ့တယ် ချစ်သူ ...
ကံကြမ္မာအလှည့်အပြောင်းတစ်ခုက ငါ့ဘ၀ကို
အပြီးတိုင် ရိုက်ချိုးမှာလား ????
ဒါမှ မဟုတ် .......
ငါ့ဘ၀ရဲ့ အနာဂတ်လေလားဆိုတာဟာ
မင်းရဲ့ ခေါင်းငြိမ့်ခေါင်းခါမှုမှာသာ တည်နေတာပါ ။
ငါ့ရဲ့ မျှော်လင့်ခြင်းတွေထဲမှာ
ချစ်ခြင်းရဲ့ ဖော်ကောင်လေးတွေပါတယ် ....
ရှုးသွပ်မှုအပြည့်နဲ့ လှိုက်လှိုက်ခုန်နေတဲ့ နှလုံးသားတစ်စုံလည်းပါတယ် .......
ဝမ်းနည်းမှုတွေကို မျိုချထားတဲ့ ဦးနှောက်တစ်စုံလည်း ပါသေးရဲ့။။
ကုန်ကုန်ပြောမယ် ချစ်သူ ..
ဟောဒီ ငါ့ `ဘ၀´ တစ်ခုလုံး အဲဒီအရာတွေထဲ အပ်နှံထားတယ်..
အဲဒီ မျှော်လင့်ခြင်းတွေက စိတ်ကူးယဉ်မဆန်ဘူးဆိုတာ ,,,,,,,
အိမ်မက်တွေထဲက အိမ်မက်မဟုတ်ခဲ့ဘူးဆိုတာ ,,,,,,,,
ဂရောင်ဂတမ်းနဲ့ရေရွတ်နေတဲ့ ကဗျာတစ်ပုဒ် မဟုတ်ဘူးဆိုတာ
မင်းနဲ့တွေ့တိုင်း ငါ့ကိုငါ လက်ထိပ်ဆိတ်ပြီး ဆန်းကြည့်ခဲ့ဖူးပေါင်း
မနည်းတော့ပါဘူးးးး ။
သေချာပါတယ် ချစ်သူ ..
ဒါဟာ ငါ့စိတ်ကူးယဉ်ဆန်တဲ့ဘ၀ထဲက ထွက်ပေါက်တစ်ခုဆိုတာ ။။။။။

Saturday, September 8, 2007

အိမ်မက်

အဲဒီနေ့က အိမ်မက်မက်တယ် ...
အိမ်မက်ထဲမှာ နင်ရယ် ငါရယ် မျက်ဝန်းတစ်စုံရယ် ...
ပြီးတော့ လေပြည်ညင်းလည်းပါတယ် ....

စိတ်ကူးထဲက ချစ်သူ့ပုံရိပ်ဟာ အိမ်မက်ထဲမှာ ပိုလှနေပါလား ...
ငါဟာ ငါ့ရဲ့ အိမ်မက်ထဲမှာ အရမ်းကို ပျော်မွေ့နေခဲ့မိပေါ့ ............
ကမ္ဘာကြီးလည်း သာယာတယ် .. မိုးတွေလည်းမရွာဘူး ...

ဒါပေမယ့် ချစ်သူရေ ...
အဲဒီ အိမ်မက်အဆုံး ၊ ငါ ... အရမ်းကို တွေဝေခဲ့ရတယ် ..
ငါ့ဘ၀မှာ အိမ်မက်တွေနဲ့ အဆုံးသတ်ပစ်လိုက်ရမှားလားးးးးးးးး
ဒါမှမဟုတ် အိမ်မက်တွေထဲမှာဘဲ ပျော်မွေ့ရမှာလားးးးးးးးး
ငါ့ရဲ့ ရှုးသွပ်မှုတွေကို အိမ်မက်ထဲမှာဘဲ ဖွင့်ချပြရမှာလားးးးး ဆိုတဲ့ လားပေါင်းများစွာနဲ့
ငါ အတွေးတွေ နယ်ချဲ့မိတယ် ...

ဒါပေမယ့် အဲဒီ အိမ်မက်လေးက ငါ့ဘ၀ရဲ့ နေပျော်မှုတည်ကိန်း ဆိုတာ ငါသိလိုက်ရတယ်ချစ်သူ ......
အိမ်မက်လေးတစ်ခု ပြီးဆုံးသွားတဲ့အခါ ငါ ................. တုန်လှုပ်ချောက်ချားစွာ ပြည်လည် နှိုးထခဲ့ရတယ်ကွာ ...
သာယာတဲ့ နေ့တစ်နေ့အတွက် ငါ့ရင်ထဲမှာ မျက်ရည်မိုးတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နေ့တစ်နေ့ပေါ့ကွာ ..